ပုလောမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေး၍ Biometric ထုတ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းများဆောင်ရွက်

ပုလော   မေ  ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ ပုလောမြို့ အမှတ် (၂၈၅) ခြေလျင်တပ်ရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း၊ Biometric ထုတ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းကို မေလ ၁၀ ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူး ဦးဝင်ဇာကျော် ဦးဆောင်၍ ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည် နိုင်(၃)ကနှင့် အသက်(၁၈)နှစ်ပြည့် နိုင်(၆)က၊ နိုင်ငံသားစာစိစစ်ရေးကတ်ပြားများနှင့် Biometric ထုတ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းကို တစ်ပါးတည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ပုလောမြို့နယ်တွင် ပြည်သူများအား ပန်းခင်းစီမံချက် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့တွင်  နိုင်ငံသားစာစိစစ်ရေး ကတ်ပြားများကို ကျား ၂၂၊ မ ၁၉ ပေါင်း ၄၁ ဦး၊ အိမ်ထောင်စု ၇ စုနှင့် Biometric ထုတ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းကို ကျား ၂၂၊ မ ၅၄  ပေါင်း ၇၆ ဦး ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)