ကရသူရိ မေ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကြသည့် စာဖတ်ပရိသတ်များအား အပူဒဏ်ကာကွယ်ခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်ဘုတ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပူချိန်မြင့်မား၍ ကျန်းမာစွာနေထိုင်ရေးနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်းကို စာကြည့်တိုက်သို့လာရောက်ကြသည့် လူကြီး/လူငယ် စာဖတ်ပရိသတ်များ လိုက်နာဆောင်ရွက်နိုင်ရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အသိပညာပေးဆောင်ခြင်းဖြစ်ရာ အဆိုပါပြဘုတ်များ၌ သတိပြုရမည့် အပူဒဏ်အန္တရာယ်များ၊ ခရမ်းလွန်ရောင်ခြည်အန္တရာယ်၊ အပူဒဏ်လွန်ကဲတဲ့ နေရောင်ခြည်ကနေ ဘယ်လိုကာကွယ်ကြမလဲ၊ အပူဒဏ်ကာကွယ်ရန် နှိုးဆော်ချက်များ၊ အရေးပေါ် ရှေးဦးပြုစုခြင်း၊ ရှောင်ကြဉ်ရန်အချက်များ၊ အပူဒဏ်ကြောင့် သတိလစ်ခြင်းအား အရေးပေါ်ရှေးဦးပြုစုပါနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးတို့ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)