မတူပီ နိုဝင်ဘာ ၈
၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မတူပီမြို့၌ နိုဝင်ဘာ(၈)ရက်နေ့ နံနက် (၆) အချိန်က မဲရုံပေါင်း(၁၃)ရုံကိုတစ်ပြိုင်တည်းဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ မဲဆန္ဒရှင်ပြည်သူများ လာရောက် မဲပေးလျက်ရှိသည်။
မဲရုံများကို မဲရုံမှူးများက နံနက် ၆ နာရီတွင် ဖွင့်လှစ်ကြောင်း ကြေညာပြီး မဲရုံအတွင်းရှိ ဆန္ဒမဲပုံများအား အလွတ်ဖြစ်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ ရှေ့တွင် ပြသပြီးနောက် ရွေးကောက် ပွဲစောင့်ကြည့်လေ့လာသူများ၏ ရှေ့တွင် ပြသပြီးနောက် လုံခြုံရေးကြိုးဖြင့် ချည်ကာမဲပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြ ကြောင်းသိရသည်။
မတူပီမြို့ပေါ်(၄)ရပ်ကွက်အတွင်း မဲရုံ(၁၃)ရုံနှင့် ကျေးရွာ အုပ်စုများတွင် မဲရုံ(၁၃၇)ထားရှိပြီ:မဲရုံများ တွင် ပြဿနာ တစ်စုံတစ်ရာဖြစ်ပွားမှုမရှိစေရန် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲဝင်များနှင့် ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ တာဝန်ရှိသူများက လမ်းညွှန်ချက်များနှင့်အညီ ကြီးကြပ်၍ ဆောင်ရွက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)