လိုင်လင်းပီ နိုဝင်ဘာ ၈
၂၀၂၀ပြည့်နှစ်၊ ပါတီစုံတီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှ စတင်၍ ဆန္ဒမဲများ စတင်ပေးလျက်ရှိရာ လိုင်းလင်းပီမြို့ပေါ် ရပ်ကွက်(၂)ခုရှိ မဲရုံ(၂)ရုံ၌ မဲဆန္ဒရှင်များမှ တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲများ ပေးလျက်ရှိသည်။
မဲဆန္ဒရှင်ပြည်သူများမှလည်း ၂၀၂၀ပြည့်နှစ်၊ ပါတီစုံတီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လာရောက် မဲပေးကြပြီး မဲရုံသို့လာရောက်ရာတွင် မဲရုံတာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်စေခြင်းစသည်တို့ကို ဆောင်ရွက်ပေးကြသည်။
ထို့ပြင် မဲဆန္ဒရှင်ပြည်သူများ တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံတာဝန်ရှိသူများက စနစ်တကျ ဆောင်ရွက် ပေးကြကြောင်း သိရသည်။
ယာကမ်(ပြန်/ဆက်)