သီပေါတွင် ကွန်ပျူတာသင်တန်း (၁/၂၀၂၀) ဆင်းပွဲနှင့် Computer, Phone, Electronic နှင့် ဒေသထွက် ပစ္စည်းများ ပြပွဲအခမ်းအနား ပြုလုပ်

သီပေါ  ဖေဖော်ဝါရီ  ၂၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ကြီးများ စီစဉ်မှုဖြင့် ဖွင့်လှစ်သင်ကြားပေးသည့် ကွန်ပျူတာသင်တန်း (၁/၂၀၂၀) ဆင်းပွဲနှင့် Computer, Phone, Electronic နှင့် ဒေသထွက်ပစ္စည်းများ ပြပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သီပေါမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးတို့က အသီးသီးအမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ကွန်ပျူတာ သင်တန်းတွင် တာဝန်ယူ သင်ကြား ပြသပေးသော Golden Lotus မှ ဆရာဦးကျော်သက်ဝင်းက   Computer, Phone နှင့် Electronic ပစ္စည်းများ သုံးစွဲခြင်း၏ အကျိုးအပြစ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ယင်းနောက် သင်တန်းဆင်း လက်မှတ်များကို တာဝန်ရှိသူများက သင်တန်းသား ၊သင်တန်းသူများထံသို့ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြကာ Computer, Phone, Electronic နှင့် ဒေသထွက်ပစ္စည်းများပြပွဲကို အခမ်းအနားသို့ တက်ရောက် လာကြသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)