ချီဖွေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြည်သူများ ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ဆန္ဒမဲပေး

ချီဖွေ   နိုဝင်ဘာ    ၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ယနေ့နံနက် (၆)နာရီမှစတင်၍ ဖွင့်လှစ်ကြောင်းကြေညာပြီး မဲရုံအမှတ် (၁) ၊ (၂) ၊ (၃)၊ (၁၄) ၊(၁၅) မဲရုံအသီးသီး၌ဆန္ဒမဲ ပေးခွင့်ရှိသူများ အေးချမ်းစွာလာရောက်၍ ဆန္ဒမဲပေးကြကြောင်း သိရသည်။

ထိုသို့ မဲပေးကျရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ သတ်မှတ် ဆောင်ရွက်ထားပြီး ဆန္ဒမဲပေးသူများ တစ်ဦးနှင့်တစ်ဦး (၆) ပေကွာခြင်း၊ အပူချိန် တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် ဆေးကြောသန့်စင်ပေးခြင်းနှင့် ပြင်ပနှာခေါင်းစည်း (Mask) တပ်ဆင် အသုံးပြုလာသူများအား အမှိုက်ပုံထဲသို့ စနစ်တကျ စွန့်ပစ်စေပြီး နှာခေါင်းစည်း (Mask) အသစ် လဲလှယ်တပ်ဆင်စေပြီးမှ မဲရုံသို့ ဝင်ရောက်မဲပေးစေပြီး မဲရုံပရဝုဏ် အတွင်းနေရာများ၌ ကျန်းမာရေး အသိပညာပေး ပိုစတာများနှင့် ဆန္ဒမဲပေးခြင်း အသိပညာပေးပိုစတာများ ပြသထားကြောင်းသိရသည်။

ချီဖွေမြို့နယ်အတွင်း ဆန္ဒမဲပေး မဲရုံ (၄၇) ရုံ ရှိပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ ကျား( ၆၆၈၆) ဦးနှင့် မ (၆၂၇၇) ဦး စုစုပေါင်း (၁၂၉၆၃) ဦးရှိရာ ချီဖွေမြို့ပေါ် ၌ မဲရုံ (၇)ရုံ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ဇင်မာဝင်း (မြို့နယ်ပြန်/ဆက်)