ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေး

ပုလော မေ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက ပုလောမြို့နယ်ခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။   

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ လာရောက်ထိုးနှံသူပြည်သူများကို ဆေမထိုးမီ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆေးထိုးပြီးပါက မိနစ် ၃၀ ထိုင်၍ အနားယူစေခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအကြိမ်တွင် လူဦးရေ ၈၀၀ ကို ထပ်ဆောင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးမော်(ပုလော)