ကျောက်တလုံးကြီး နိုဝင်ဘာ ၈
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပလျက်ရှိသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့အတွင်းရှိ ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇)စုရှိ မဲရုံ(၃၉) ရုံတွင် ယနေ့ နံနက် (၆)နာရီမှစတင်၍ မဲရုံဖွင့်လှစ်ပြီး သတ်မှတ်သောမဲရုံ အသီးသီး၌ မဲပေးခြင်းကိုပြည်သူများ ကျန်းမာရေး လမ်းညွန်ချက်နှင့်အညီ အေးချမ်းစွာဆန္ဒမဲ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆန္ဒမဲလာရောက်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွန်ချက်နှင့်အညီ နှာခေါင်းစည်း (Mask)တပ်ဆင်စေခြင်း၊ ကိုယ်အပူတိုင်းတာခြင်း၊ မဲရုံအဝင်တွင် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာတွင် တန်းစီစေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးကြောသန့်စင်ခြင်းတို့ကို ကျောက်တလုံးကြီးမြို့ ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် စေတနာရှင် လူငယ်ပရဟိတအဖွဲ့များက ဆောင်ရွက်ပေး ကြောင်းသိရသည်။
ကျောက်တလုံးကြီးမြို့တွင် မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇)စု၌ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ မဲဆန္ဒရှင် (၄၅၁၄၄)ဦး ရှိကြောင်း သိရသည်။
မြဝင်း (ပြန်/ဆက်)