မိုင်းနောင် နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူလူထုများသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ မဲရုံစတင်ဖွင့်လှစ်သည့် နံနက်(၆)နာရီအချိန်ကစ၍ ဆန္ဒမဲများ လာရောက်ပေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆန္ဒမဲများ လာရောက်ပေးရာတွင် မိုင်းနောင်မြို့အတွင်းရှိ မဲရုံအသီးသီးတွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများမှ တိုင်းရင်းသားပြည်သူလူထု မဲဆန္ဒရှင်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆန္ဒမဲများလာရောက် ပေးခဲ့သည်။
မိုင်းနောင်မြို့အတွင်းတွင် ရပ်ကွက်/ ကျေးရွာ(၁၇)ခု၊ မဲရုံ(၃၂)ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း (၃၀၇၉၁)ဦး ရှိကြောင်း သိရသည်။
မိုင်းနောင် (ပြန်/ဆက်)