ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၌ လူသစ်တန်းစစ်တုရင်ပြိုင်ပွဲကျင်းပ

ညောင်ဦး မေ ၁၆

ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ညောင်ဦးမြို့နယ် စစ်တုရင်ဆပ်ကော်မတီတို့ပူးပေါင်း၍ နွေရာသီစစ်တုရင်သင်တန်းဆင်းပွဲနှင့်အထိမ်းအမှတ် လူသစ်တန်းစစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပလျက်ရှိကြောင်း သိရသည်။

လူသစ်တန်းစစ်တုရင်ပြိုင်ပွဲတွင် အသက်(၁၀)နှစ်အောက်နှင့် အသက်(၁၀)နှစ်အထက်ပြိုင်ပွဲ အမျိုးအစားနှစ်မျိုး ခွဲခြားထားပြီး မေလ(၁၆)ရက်နေ့မှ (၁၈)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ လူသစ်တန်းစစ်တုရင်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်လူငယ် (၁၆) ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။

စစ်တုရင်သင်တန်းကို မတ်လ ၅ ရက်နေ့တွင် စတင်သင်ကြားဖွင့်လှစ်သင်ကြားပေးခဲ့ပြီး နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် အသိပညာများတိုးပွားလာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒီပါလင်း