ဟားခါးမြို့နယ်အတွင်းရှိ မဲရုံပေါင်း(၉၅)ရုံကို အထူးရဲ(၉၅)ဦးဖြင့် ကြပ်မတ်ဆောင်ရွက်

ဟားခါး       နိုဝင်ဘာ        ၈

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဟားခါးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင်လုံခြုံ စေရေးအတွက် မဲရုံပေါင်း(၉၅)ရုံတွင် အထူးရဲ(၉၅)ဦး ဖြင့်  ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဟားခါးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရာတွင် လုံခြုံစိတ်ချ စွာ ဆန္ဒမဲပေးနိုင်ရေးနှင့် မဲရုံလုံခြုံရေးအတွက် သင်တန်းပေးထားသည့် အထူးရဲ(၉၅)ဦးကို မဲရုံ တစ်ရုံလျှင်အထူးရဲ(၁)ဦးနှုန်းဖြင့် ကြပ်မတ်ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် ဟားခါးမြို့နယ်အတွင်း ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း(၃၉၂၀၄)ဦး၊ မဲရုံ(၉၅)ရုံ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းစုစုပေါင်း(၁၇)ဦး၊ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း(၄)ဦး၊ ပါဝင် ယှဉ်ပြိုင်သည့် ပါတီ(၃)ပါတီ၊ မဲလုံခြုံရေးအထူးရဲ(၉၅)ဦး၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် စုစုပေါင်း(၁၁၄၀)ဦးရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)