ဘုတ်ပြင်း မေ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ ခရိုင်အဆင့်ပြိုင်ပွဲကို ယနေ့နံနက်က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် မူးယစ်ရန်စွယ်အသွယ်သွယ်အန္တရာယ်ဟူသမျှရှောင်ရှားကြ၊ မူးယစ်ဆေးဝါးကာကွယ်ရေးအသိပညာမြှင့်တင်ပေး၊ မူးယစ်အဆိပ်ငွေ့ကင်းစင်မှတိုးပွားရှင်သန်မျိုးဗီဇ၊ ဉာဏ်ရည်လည်းရှုံးလူညွှန့်တုံး၊ စည်းလုံးတိုက်ပစ်ထိုမူးယစ်၊ လူ့ဘောင်သာယာလှပဖို့ နွေးထွေးပွေ့ဖက်ဖေးမလို့ မူးယစ်စွဲသူကူညီစို့၊ စသည့်ပြိုင်ပွဲဝင်ခေါင်းစဉ်(၅)ခုတို့မှ ကျောင်းသား၊ ကျောင်းသူများက ကြိုက်နှစ်သက်ရာခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး မူလတန်းအဆင့်ပန်းချီပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ(၃)ဦး၊ အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲတွင် ကျောင်းသား(၁)ဦး စုစုပေါင်းကျောင်းသား ကျောင်းသူ(၄)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပြိုင်ပွဲကြီးကြပ်ရေးအဖွဲ့မှ စိစစ်ရွေးချယ်၍ ဆုရရှိသူများကို တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲသို့ ဆက်လက်ပေးပို့ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)