ဟားခါး နိုဝင်ဘာ ၈
ဟားခါးမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ ယနေ့နံနက် ၆ နာရီအချိန်မှစ၍ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရှိရသည်။
ဟားခါးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ပျော်ရွှင်စွာ ဆန္ဒမဲပေးခဲ့ကြ ကြောင်း သိရှိရသည်။
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် ဟားခါးမြို့နယ်အတွင်း ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူစုစုပေါင်း (၃၉၂၀၄)ဦး၊ မဲရုံ(၉၅)ရုံ၊ လွှတ်တော် ကိုယ်စားလှယ်လောင်း စုစုပေါင်း(၁၇)ဦး၊ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း(၄)ဦး၊ ပါဝင်ယှဉ်ပြိုင်သည့် ပါတီ(၃)ပါတီ၊ မဲလုံခြုံရေးအထူးရဲ(၉၅)ဦး၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်စုစုပေါင်း(၁၁၄၀)ဦးရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)