တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲအား ကြည့်ရှုအားပေး

ထားဝယ် မေ ၁၆

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ထို့နောက် အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူများ၏ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက သက်ဆိုင်ရာတာဝန်ရှိသူများအား ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ ယှဉ်ပြိုင်နေစဉ်အတွင်း/အပြင်သန့်ရှင်းရေး၊ လေဝင်လေထွက်ကောင်းမွန်ရေးနှင့် အလင်းရောင်လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ပြိုင်ပွဲတွင် အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူများက မူးယစ်ရန်စွယ်အသွယ်သွယ်အန္တရာယ်ဟူသမျှရှောင်ရှားကြမူးယစ်ဆေးဝါးကာကွယ်ရေးအသိပညာမြှင့်တင်ပေးမူးယစ်အဆိပ်ငွေ့ကင်းစင်မှ တိုးပွားရှင်သန်မျိုးဗီဇ”၊ “ဉာဏ်ရည်လည်းရှုံးလူညွန့်တုံး စည်းလုံးတိုက်ပစ်ထိုမူးယစ်”၊ လူ့ဘောင်သာယာလှပဖို့ နွေးထွေးပွေ့ဖက်ဖေးမလို့ မူးယစ်စွဲသူကူညီစို့မူးယစ်ကင်းကွာပပျောက်ဖို့ လူကြီးလူငယ်လက်တွဲစို့၊ “ခွဲခြားနှိမ့်ချကင်းစင်ဝေး၊ကာကွယ်ရေးကိုအလေးပေး” “လူသားအားလုံးကျန်းမာရေးစသည့်ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)