တီးတိန် နိုဝင်ဘာ ၈
ချင်ပြည်နယ်၊ တီးတိန်မြို့တွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များ ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ဆက်လက်၍ ဆန္ဒမဲများ ပေးလျက်ရှိသည်။
တီးတိန်မြို့၊ လေးလုမ်းရပ်ကွက်ရှိ အမှတ်(၁)အမက ကျောင်းတွင် ဖွင့်လှစ်သည့် မဲရုံအမှတ်(၁)တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၁၄ ဦးအနက် ကြိုတင်မဲအပါအဝင် ၇၀ ရာခိုင်နှုန်းခန့်က ဆန္ဒမဲပေးပြီး ဖြစ်ကြောင်း၊ အမှတ်(၆)မူလွန်ကျောင်း၌ ဖွင့်လှစ်သည့် မဲရုံအမှတ်(၂)တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၀၀ ဦးအနက် ကြိုတင်မဲအပါအဝင် ၉၂ ရာခိုင်နှုန်းခန့်က ဆန္ဒမဲ ပေးပြီးဖြစ်ကြောင်း သိရသည်။
ပေါင်ကျင့်မုန်( ပြန်/ဆက်)