ကန်ပိုက်တီ နိုဝင်ဘာ ၈
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင်ကျရောက်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တိမြို့အတွင်း ပြည်သူများ ဆန္ဒမဲပေးရာ တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန် ယနေ့နံနက် (၆)နာရီမှ စတင်ကာ ကျန်မာရေးနှင့် အညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်သူများ ဆန္ဒမဲပေးရာ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန် ကျန်းမာရေးစောင့် ရှောက်မှုများ အနေဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ မဲရုံအဝင်တွင် တစ်ဦးနှင့်တစ်ဦး (၆)ပေခွာ တန်းစီစေပြီး မဲရုံအတွင်း ဝင်ရောက်ချိန်၌ Hand Gel များဖြင့် လက်များကိုဆေးကြောသန့်စင်ပေးခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်ဆင် စေပြီး မဲရုံပရဝဏ်အတွင်း နေရာများသို့ဝင်ရောက်စေပြီး မဲရုံပရဝဏ်အတွင်း နေရာများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆန္ဒမဲပေးခြင်းနှင့် အသိပညာပေး ပိုစတာများကိုပြသထား ကြောင်းသိရသည်။
ကန်ပိုက်တီမြို့တွင် မဲရုံပေါင်း(၇)ရုံရှိပြီး မဲဆန္ဒရှင်စုစုပေါင်း (၃၇၈၇)ဦးရှိရာ ငြိမ်းချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ဇယ်ဇောင်း(ပြန်/ဆက်)