လိုင်လင်းပီ နိုဝင်ဘာ ၈
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှစ၍ မဲဆန္ဒရှင် ပြည်သူများမှ ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ မွန်းတည့် ၁၂ နာရီ အချိန်အထိ ပြည်သူများ ဆန္ဒမဲ ပေးလျက်ရှိကြောင်း သိရသည်။
လိုင်လင်းပီမြို့ပေါ် ရပ်ကွက်နှစ်ခုအတွင်းရှိ မဲရုံ(၂)ရုံ၌ မွန်းတည့် ၁၂ နာရီအထိ ဆန္ဒမဲပေးခြင်း ပြီးစီးမှုမှာ အမှတ်(၁)ရပ်ကွက်၊ မဲရုံအမှတ်(၁)၌ မဲဆန္ဒရှင်ဦးရေ (၉၈၂)ဦးရှိရာ ကြိုတင်မဲပေးခဲ့ပြီးသူ (၃၁၈)ဦးရှိပြီး မွန်းတည့် ၁၂ နာရီအထိ ဆန္ဒမဲပေးခြင်း (၄၆၄)ဦးကာ အမှတ်(၂)ရပ်ကွက်ရှိ မဲရုံအမှတ်(၁)၌ မဲဆန္ဒရှင်ဦးရေ (၆၇၉)ဦးရှိရာ ကြိုတင်ဆန္ဒမဲပေးခဲ့ပြီးသူ (၁၈၁)ဦး၊ မွန်းတည့် ၁၂ နာရီအချိန်အထိ မဲပေးသူ(၄၁၈)ရှိပြီး ဆန္ဒမဲပေးခြင်းကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲများမှ သိရသည်။
ယာကမ်(ပြန်/ဆက်)