ခမောက်ကြီးမြို့တွင် ကလေးလူငယ်များအား အသိပညာပေးနံရံကပ်စာစောင်များ ခင်းကျင်းပြသ

ခမောက်ကြီး မေ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခ‌‌မောက်ကြီးမြို့တွင် ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်နေကြသော ကလေး၊ လူငယ်များအား အသိပညာပေးရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက အ.ထ.ကခမောက်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးနံရံကပ်များ ခင်းကျင်းပြသရာတွင် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ မှတ်တမ်းဓာတ်ပုံများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးစာစောင်များနှင့် ရုပ်ပုံများပါဝင်ပြီး အဆိုပါအသိပညာ‌ပေး‌ခေါင်းစဉ်ပါ အ‌ကြောင်းအရာများသည် ယနေ့ခေတ်ကလေးလူငယ်များအတွက် အမှန်တကယ်သိရှိ၊ လိုက်နာကျင့်သုံးရန်နှင့် ကြိုတင်ကာကွယ်ရန်အတွက် လိုအပ်သည့်အတွက် အသိပညာပေးဆောင်ရွက်ခြင်းဖြစ်ပြီး ကလေး၊ လူငယ်များကလည်း စိတ်ဝင်တစား‌ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ခမောက်ကြီး(ပြန်/ဆက်)