မတူပီ နိုဝင်ဘာ ၈
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်တွင် ယနေ့နံနက် (၆) နာရီမှစ၍ ညနေ (၄) နာရီအချိန် အထိ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု (၇၂) တွင် ဖွင့်လှစ်ထားသည့် မဲရုံပေါင်း (၁၅၀) ရုံတွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆန္ဒမဲပေးရာ၌ မတူပီမြို့ပေါ်ရှိ ဖွင့်လှစ်ထားသော မဲရုံ(၁၃)ရုံတွင် ဒေသခံပြည်သူများက ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် တက်ကြွစွာ မဲရုံသို့ လာရောက်မဲပေးခဲ့ကြသည်။ မဲရုံတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ မဲပေးနိုင်ရေးအတွက် ဆန္ဒမဲပေးရန် လာရောက်သူတိုင်းအား ကိုယ်အပူချိန်တိုင်းခြင်း၊ ပါးစပ်နှားခေါင်းစည်းများ စနစ်တကျ လဲလှယ်တပ်ဆင်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေခြားတန်းစီစေခြင်းများကို ကျန်မားရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများ လုံခြုံအေးချမ်းစွာ မဲပေးနိုင်ရေး သက်ဆိုင်ရာမဲရုံမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မတူပီမြို့နယ်အတွင်း ရပ်ကွက် /အုပ်စု(၇၂)အုပ်စု တွင် မဲရုံပေါင်း (၁၅၀)ရုံရှိပြီ: မဲဆန္ဒရှင် ပြည်သူ(၃၈၀၁၉)ဦး ရှိကြောင်း မတူပီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
ခရိုင် (ပြန်/ဆက်)