ကာမိုင်းမြို့၌ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

ကာမိုင်း နိုဝင်ဘာ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် နာရီက စတင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် ကာမိုင်းမြို့ပေါ် ရပ်ကွက်တွင်()ရုံ၊ ကျေးရွာအုပ်စုများတွင် ()ရုံ စုစုပေါင်း()ရုံရှိ၍ ယခင် ၂၀၁၅ခုနှစ်ထက် မဲဆန္ဒရှင်ပြည်သူများ တိုးလာကြောင်း၊ လက်ရှိ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလ၌ ဆန္ဒမဲပေးလာသော မဲဆန္ဒရှင်ပြည်သူများအား ကျန်မာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ မဲရုံအဝင်ပေါက်တွင် ကိုယ်ပူချိန် တိုင်းတာပေးခြင်း၊ ရေမလို လက်ဆေးသန့်ရည်ဖြင့် လက်ဆေးစေခြင်း၊ လူစုလူဝေးများမဖြစ်စေရန် Social Distancing နှင့်အညီ ခြောက်ပေအကွာ နေထိုင်စေခြင်းစသည်တို့ကို ဆောင်ရွက်လျက်ရှိသည်။

ထို့နောက် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကာမိုင်းမြို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၁၈၉၆)ဦး ရှိကြောင်း၊ လွှတ်တော်အသီးသီး၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်း (၄၇)ဦးရှိပြီး ပါတီ()ခုနှင့် တစ်သီးပုဂ္ဂလတစ်ဦးရှိကြောင်း၊ မဲရုံအတွင်းတာဝန် ထမ်းဆောင်သည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် အဖွဲ့ဝင်များ စုစုပေါင်း (၁၁၉)ဦးရှိကြောင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)