ပျော်ဘွယ် မေ ၁၇
ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်းဝင်များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းဆွေးနွေးပြီး အသင်းဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာမ ခင်ညိုညိုမြင့်ရေးသားသည့် “အနန္တစုန်ရေအတိုင်းသာ” စာအုပ်မှ အကြောင်းအရာကို ဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန်ဆွေးနွေးကြသည်။
စာပေဝါသနာရှင်များက ယခုစာအုပ်တွင် စာရေးဆရာမသည် အနန္တဂိုဏ်းဝင် ဘုရား၊ တရား၊ သံဃာတို့၏ ဆိုဆုံးမမှုများကို ယနေ့လူငယ်များလိုက်နာကျင့်သုံးရန်လိုအပ်ပါကြောင်း၊ မိဘဆရာတို့၏ သင်ကြားပြသမှုကိုခံယူတတ်ရန်လည်း လိုအပ်ပါကြောင်း၊ အနန္တဂိုဏ်းဝင် မိဘဆရာတို့၏ အခန်းကဏ္ဍအရေးကြီးပုံကိုလည်း ဖော်ညွှန်းထားသည့် စာအုပ်ဖြစ်ကြောင်းတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
မင်းမင်းထွေး(ပျော်ဘွယ်)