ပန်ဝါမြို့၌ မဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန် ကျန်းမာရေးနှင့် အညီဆန္ဒမဲပေး

ပန်ဝါ  နိုဝင်ဘာ ၈

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင်ကျရောက်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့အတွင်း ပြည်သူများဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန် ယနေ့နံနက် (၆)နာရီမှ စတင်ကာ ကျန်မာရေးနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပြည်သူများ ဆန္ဒမဲပေးရာ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန် ကျန်းမာရေးစောင့် ရှောက်မှုများအနေဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ မဲရုံအဝင်တွင် တစ်ဦးနှင့်တစ်ဦး (၆)ပေခွာ တန်းစီစေပြီး မဲရုံအတွင်းဝင်ရောက်ချိန်၌ Hand Gel များဖြင့် လက်များကိုဆေးကြောသန့်စင်ပေး ခြင်း၊ နှာခေါင်းစည်း(Mask)များတပ်ဆင်စေပြီး မဲရုံပရဝဏ်အတွင်း နေရာများသို့ဝင်ရောက်စေပြီး  မဲရုံပရဝုဏ် အတွင်း နေရာများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆန္ဒမဲပေးခြင်းနှင့် အသိပညာပေး ပိုစတာများကိုပြသထားကြောင်းသိရသည်။

ပန်ဝါမြို့ မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်အတွင်း မဲရုံ(၃)ရုံရှိပြီး မဲဆန္ဒရှင်စုစုပေါင်း(၁၂၅၆)ဦး ရှိရာ ငြိမ်းချမ်းစွာဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ရဲညွန့်(ပြန်/ဆက်)