မချမ်းဘော့ နိုဝင်ဘာ ၈
ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာ ၈ ရက်က ကျင်းပလျက်ရှိရာ ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်အတွင်း မဲဆန္ဒရှင်များသည် ဆန္ဒမဲများကို သက်ဆိုင်ရာ မဲဆန္ဒရုံသို့ အေးချမ်းစွာဆန္ဒမဲများကို ပေးလျက်ရှိကြောင်း သိရသည်။
ဆန္ဒမဲ ပြည်သူများအား ကိုဗစ်၁၉ ရောဂါ ကာကွယ်ရေးလမ်းညွန်ချက်နှင့်အညီ ဆန္ဒမဲ ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက မဲရုံအတွင်းသို့ ဝင်ရောက်မဲမပေးမီ မဲဆန္ဒရှင် ပြည်သူများအား နှာခေါင်းစည်းများ ဝေငှခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည် များဖြင့် လက်ဆေးစေခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ နေထိုင်ခြင်းတို့ဖြစ် စနစ်တကျ ဆန္ဒမဲများကို အေးချမ်းစွာပေးနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် မချမ်းဘော့မြို့နယ်၌ ဆန္ဒမဲပေးရန် မဲဆန္ဒရှင် (၅၉၀၂)ဦးရှိပြီး မဲရုံ(၁၇)ရုံ တွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ခွန်လင်းဦး(ပြန်/ဆက်)