တီးတိန် နိုဝင်ဘာ ၈
ချင်းပြည်နယ် တီးတိန်မြို့၌ ယနေ့နံနက် ၆ နာရီအချိန်မှ စတင်ရ၍ ဆန္ဒမဲပေးကြရာ စကောလမ်းရပ်ကွက်ရှိ မဲရုံအမှတ် (၄)တွင် ယခုအချိန်၌ ဆန္ဒမဲပေးခွင့်ရှိသူ ၉၇၀ ဦးအနက် ကြိုတင်မဲအပါအဝင် ၃၀ ရာခိုင်နှုန်းခန့်က ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေးပြီးဖြစ် သည်။
စကောလမ်းရပ်ကွက်တွင် မဲရုံ (၄)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲ ပေးခွင့်ရှိသူ စုစုပေါင်း ၃၆၆၇ ဦးရှိကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)