ဒေါ့ဖုန်းယန်မြို့၌ (၂၀၂)ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လာရောက် ဆန္ဒမဲပေး

ဒေါ့ဖုန်းယန် နိုဝင်ဘာ ၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို မဲဆန္ဒရှင် ပြည်သူများ ပူးပေါင်းပါဝင်လျက် ယနေ့နံနက် ၆ နာရီမှစ၍  ကျင်းပလျက်ရှိသည်။

ဒေါ့ဖုန်းယန်မြို့တွင်  ၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် မဲရုံ(၁၀)ရုံသာရှိပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ  ၈  ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြန်လည် ကျင်းပသည့်အခါ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးအတွက် မဲရုံ(၁၂)ရုံ အထိ တိုးမြှင့်ဆောင်ရွက်ထားရှိကာ ဒေသနေ စုစုပေါင်းလူဦးရေ (၁၆၀၇၃)ဦးရှိပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူပေါင်း (၉၁၂၃)ဦးရှိရာ ကြိုတင်ဆန္ဒမဲ ပေးပြီးသူပေါင်း (၁၁၆၁)ဦး ကြိုတင် ဆန္ဒမဲပေးပြီးဖြစ်၍ ကျန်ရှိသည့် မဲဆန္ဒရှင်များသည် သက်ဆိုင်ရာ   မဲရုံများတွင် စိတ်အားထက်သန်စွာဖြင့် နံနက် ၆ နာရီမှစ၍   လာရောက် ဆန္ဒမဲ ပေးလျက်ရှိရာ နံနက် ၈ နာရအထိ (၁၀၈၄)ဦး ဆန္ဒမဲပေးပြီးကြောင်း သိရသည်။

မြသက်(ပြန်/ဆက်)