တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ရင်းနှီးမြှပ်နှံမှုကော်မတီ၏(၂/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက်

ထားဝယ် မေ ၁၇

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီ၏ (/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက  ရင်းနှီးမြှပ်နှံမှုနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရန်၊ ဒေသအတွင်းနေထိုင်ကြသော ပြည်သူများ စားဝတ်နေရေးအဆင်ပြေပြီး လည်ပတ်နိုင်ရန်အဓိကအရေးကြီးကြောင်း၊ အဝေးပြေးကွင်း ကားဂိတ်သည် တိုင်းမြို့တော်ကားဂိတ်ဖြစ်သော်လည်း ကားဂိတ်၏လိုအပ်ချက်များ၊ တိုင်းဒေသကြီး မြို့တော်ဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးနှင့်လျော်ညီသည့် ယာဉ်ရပ်နားကွင်း ဖြစ်ရန်လိုအပ်ပါကြောင်း၊ ရင်းနှီးမြှပ်နှံသူသည် ထားဝယ်သားဖြစ်သည့်အတွက်ကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုဆိုပါကြောင်း၊ ထားဝယ်ဒေသသည် အခွင့်အလမ်းကောင်းများစွာ မျှော်မှန်း၍ရနိုင်သည့်ဒေသဖြစ်ပြီး ထိုင်းနိုင်ငံနှင့်နီးစပ်သောကြောင့် အသီးအနှံများ၊ ကုန်စည်များ၊ သားငါးကဏ္ဍ၊ ခရီးသည်များအား ကန်ချနာဘူရီသို့ အလည်အပတ်ပို့ရန်အပါ အဝင်များစွာတန်ဖိုးရှိကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ရင်းနှီးမြှပ်နှံမှုသည် ဒေသဖွံ့ဖြိုးရေးနှင့်သက်ဆိုင်သောကြောင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန်လိုအပ် ကြောင်းပြောကြားသည်။

ထို့နောက်ကော်မတီအတွင်းရေးမှူးက ရင်းနှီးမြှပ်နှံမှုနှင့်ပတ်သက်၍ စိစစ်တွေ့ရှိချက်အား ရှင်းလင်းတင်ပြပြီးရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှုဖြင့် ကွင်းအမှတ် (၁၀၄)၊ သပြေချောင်း ကျေးရွာအုပ်စု၊ထားဝယ်မြို့နယ်၊ ထားဝယ်ခရိုင်ရှိ မြေဧက (၂၀.၁၅) ဧကပေါ်တွင် အဝေးပြေယာဉ်ရပ်နားစခန်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်လျက်ရှိသော Khant Shwe Pyi Co.,Ltd.က တည်ဆောက်ရေးကာလတိုးမြှင့်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ကော်မတီဝင်များက ဖြည့်စွက် ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က  ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)