လွယ်ဂျယ် နိုဝင်ဘာ ၈
၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တပြိုင်တည်း ကျင်းပလျက်ရှိရာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ အနေဖြင့် ယနေ့နံနက် ၆ နာရီမှစတင်၍ မဲရုံ(၈)ရုံဖွင့်လှစ်ပြီး ဆောင်ရွက်လျက်ရှိသည်။
ဆန္ဒမဲပေးရာတွင် မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် မှာကြားချက်နှင့်အညီ မဲဆန္ဒရှင်ပြည်သူများက ဆန္ဒမဲပေးလျက်ရှိပြီး လွယ်ဂျယ်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၆၁၁၅)ဦးရှိပြီး ဆန္ဒမဲ ပေးနိုင်သော မသန်စွမ်းဦးရေ(၄)ဦးရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ဖြစ်ပွားနေသည့်အချိန်မှာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန လမ်းညွှန်ချက်နှင့်အညီ မဲရုံများတွင် ဆောင်ရွက်ထားရှိမှု နှင့်ပတ်သက်ပြီး ယခုလိုကိုဗစ် ဖြစ်ပွားနေချိန်မှာ မဲဆန္ဒရှင်များ စိုးရိမ်ကြောင့်ကျစရာမရှိပဲ မဲပေးနိုင်ရန် Masks များ၊ လက်အိတ်များ၊ အမှိုက်ပုံးများ၊ လက်ဆေး ရေစင်များကို မဲရုံအသီးသီးတွင် စီမံဆောင်ရွက်ထားရှိကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်း ထံမှသိရသည်။
လွယ်ဂျယ်(ပြန်/ဆက်)