ပြင်စလူမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပ

ပြင်စလူ          နိုဝင်ဘာ     ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ မဲရုံများ အသီးသီးတွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက်(၆)နာရီအချိန်မှစ၍ မဲရုံးမှူးနှင့်တာဝန်ရှိသူများက မဲရုံစတင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့ရာ မဲဆန္ဒရှင်ပြည်သူများက ဆန္ဒမဲများလာရောက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မဲရုံအသီးသီးသို့ လာရောက် ဆန္ဒမဲပေးလျက်ရှိသည့် မဲဆန္ဒရှင် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့် အညီ ဆန္ဒမဲပေးနိုင်ရေး အတွက် မဲရုံတာဝန်ရှိသူများက အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်များဖြင့် သန့်စင်စေခြင်း၊ နှာခေါင်းစည်း Mask များအခမဲ့ ဖြန့်ဝေခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ နေရာချထားပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများအဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်ဖြိုးသူ   (ပြန်/ဆက်)