ဖလမ်း နိုဝင်ဘာ ၈
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီမှစ၍ စတင်ကျင်းပကာ ဖလမ်းမြို့ရှိ မဲရုံများ၌ ပြဿာနာတစ်စုံတစ်ရာမရှိဘဲ မဲဆန္ဒရှင်ပြည် သူများက အေးချမ်းစွာ ဆန္ဒမဲများ ပေးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
မဲဆန္ဒရှင် ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အထူးရဲများက မဲရုံများကို စောင့်ကြည့်ထားလျက်ရှိသည်။ မဲဆန္ဒရှင်ပြည်သူများ မဲရုံသို့လာရောက်ရာတွင် ကိုယ်အပူချိန် မြင့်မားနေသူများအား မဲရုံရှိ သီးသန့်ခန်းတွင် စောင့်ကြည့်ထားနိုင်ရေး စီစဉ်ထားကာ ကိုဗစ်-၁၉ သံသယဖြစ်ပါက ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးရ မည်ဖြစ်ပါသည်။ ဖလမ်းမြို့တွင် လုံခြုံအေးချမ်းစွာ မဲပေးလျက်ရှိပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ပြီးမြောက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီး ကြိုးစားဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)