ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

ရှားတော    နိုဝင်ဘာ   ၈

ကယားပြည်နယ်၊ ရှားတောမြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာမဲရုံများတွင် ယနေ့နံနက် ၆ နာရီအချိန်မှ စ၍ မဲဆန္ဒရှင်ပြည်သူ များက သက်ဆိုင်ရာမဲရုံအလိုက် လွတ်လပ်စွာနှင့် စိတ်ချမ်းမြေ့စွာ ဆန္ဒမဲပေးလျက် ရှိသည်။

ရှားတောမြို့နယ် အတွင်းရပ်ကွက်နှင့် ကျေးရွာအသီးသီးရှိမဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး နိုင်ရန် အတွက် မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများသည် ဆန္ဒမဲထည့်မည့် မဲပုံးများအတွင်း မည့်သည့် အရာမျှ မရှိကြောင်းအသိ သက်သေများ၏ ရှေ့မှောက်တွင် ပြသ၍ လုံခြုံရေးကြိုးများဖြင့် စနစ်တကျ ပိတ်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ ပြည်သူများစတင် မဲပေးနိုင်ပြီ ဖြစ်ကြောင်း အသိပေးကြေညာသည်။

ထို့နောက် ဆန္ဒမဲပေးသူပြည်သူများအားကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးဌာနမှဝန်ထမ်းများက လက်သန့်ဆေး ရည်ဖျန်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ တစ်ဦးနှင့်တစ်ဦး ()ပေခွါ၍ ဝင်ရောက်စေခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့နောက် မဲရုံအဖွဲ့ဝင်များက မဲစာရင်း စစ်ဆေးခြင်း၊ မဲလက်မှတ် ထုတ်ပေးခြင်း များကိုဆောင်ရွက်လျက်ရှိရာဆန္ဒမဲပေးခွင့်ရှိသူပြည်သူများကမိမိတို့၏ဆန္ဒအလျောက် လွတ်လပ်စွာနှင့် စိတ်ချမ်းမြေ့စွာဆန္ဒမဲပေးလျက်ရှိပြီးမဲထည့်ပြီးကြောင်းအမှတ်အသားအဖြစ် လက်သန်းတွင် မင်တို့ခြင်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။

ရှားတောမြို့နယ်တွင် မဲရုံပေါင်း()ရုံရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူပေါင်း (၅၀၀၀)ကျော်ရှိကာ ဆန္ဒမဲပေးခွင့်ရှိသူ ပြည်သူများ အဆင်ပြေချောမွေ့စွာနှင့် စိတ်ချမ်းမြေ့စွာမဲပေးနိုင်ရေးအတွက် တာဝန်ရှိသူများကဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ထွန်းအောင်(ပြန်/ဆက်)