ခမောက်ကြီးမြို့တွင် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲပထမ‌နေ့ စတင်ဖြေဆို

ခမောက်ကြီး မေ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(ပညာရေးအဖွဲ့ငယ်)မှ ကြီးမှူးကျင်းပသော နွေရာသီ ဗုဒ္ဓဘာသာယဥ်ကျေးမှုစာမေးပွဲကို ခမောက်ကြီး၊ အခြေခံပညာအထက်တန်းကျောင်းစာဖြေဌာန၌ ယမန်နေ့ နေ့လယ် (၁) နာရီတွင် ပထမနေ့အဖြစ် စတင်ကျင်းပခဲ့သည်။

အဆိုပါ စာမေးပွဲဖြေဆိုရာ၌ ကော့သောင်းမြို့နယ် သံဃနာယကအဖွဲ့ဝင်ဆရာတော်များ၊  ခမောက်ကြီးမြို့တပ်နယ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ သင်တန်းနည်းပြဆရာ၊ဆရာမများက ကြီးကြပ်ဆောင်ရွက်ပြီး ပထမနေ့ဖြေဆိုသည့် ယဉ်ကျေးမှုကျင့်ဝတ်ဘာသာရပ်ကို ဖြေဆိုသူ(၉၀)ဦးရှိကြောင်းနှင့် အဆိုပါ ယဉ်ကျေးမှုစာမေးပွဲကို မေ(၁၈)မှ (၂၀)ရက်နေ့ထိ သတ်မှတ်ဘာသာရပ်များအလိုက် (၃)ရက်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခမောက်ကြီး(ပြန်/ဆက်)