ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့ ပါတီစုံ ဒီမိုကရေစီ ထွေထွေရွေးကောက်ပွဲ ကျင်းပ

ဆွမ်ပရာဘွမ်  နိုဝင်ဘာ ၈

၂၀၂၀ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပရာ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများသည် ဆန္ဒမဲများကို သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

မဲဆန္ဒရှင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲ ပေးနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက မဲရုံအတွင်းသို့ ဝင်ရောက် မဲမပေးမီ မဲဆန္ဒရှင်  ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ နှာခေါင်းစည်းများဝေငှခြင်း၊ လက်သန့် ဆေးရည်များဖြင့် လက်ဆေးစေခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေကွာ နေထိုင်ခြင်းတို့ဖြင့် ဆန္ဒမဲများကို အေးချမ်းစွာ ပေးနိုင်အောင်စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အ‌ထွေထွေရွေးကောက်ပွဲကြီးတွင် ဆွမ်ပရာဘွမ်မြို့နယ်၌ ဆန္ဒမဲပေးရန် မဲဆန္ဒရှင် ပြည်သူ (၂၇၈၆) ဦး ရှိပြီး မဲရုံ (၁၂) ရုံတွင် မဲဆန္ဒရှင်ပြည်သူများ ပျော်ရွှင်စွာ ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။

ကုဋေ ( ပြန်/ဆက်)