တနင်္သာရီမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား၊ အသက်(၂၀) နှစ်အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ စတင်ယှဉ်ပြိုင်

တနင်္သာရီ    မေ   ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် အားကစားကဏ္ဍဖွံ့ဖြိုးမှု (TSDP) အစီအစဉ်အရ ၂၀၂၄ ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၀)အောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီမှစ၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားခန်းမအတွင်း ပွဲဦးထွက်ပွဲစဉ်အဖြစ် အုပ်စု(က)မှ ချောင်းကြီးရပ်ကွက်အသင်းနှင့် အုပ်စု(ခ)မှ ဆင်ခြေဖုန်းအသင်းတို့က ယှဉ်ပြိုင်ကစားကြရာ ချောင်းကြီးရပ်ကွက်အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ၌ အုပ်စု(က)တွင် ချောင်းကြီးရပ်ကွက်၊ အောက်ကင်းရွာ၊ ရွှေလိပ်ပြာရပ်ကွက်နှင့် မရင်းကြီးရွာအသင်းနှင့် အုပ်စု(ခ)တွင် ချောင်းငယ်ရပ်ကွက်၊ ဆင်ခြေဖုန်းကျေးရွာ၊ လယ်တောင်ယာရွာအသင်းနှင့် အ-ထ-က(တနင်္သာရီ)အသင်း စသည့်အသင်း(၈)သင်းတို့က မြို့နယ်ဘော်လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲထွန်းလွင်၏ ကြီးကြပ်မှုဖြင့် မေလ(၂၀) ရက်နေ့မှစ၍ အုပ်စုပတ်လယ်အစီအစဉ်ဖြင့် မနက်ပိုင်းတွင်တစ်ပွဲနှင့်ညနေပိုင်းတွင် တစ်ပွဲနှုန်းစီဖြင့် တစ်နေ့လျှင်နှစ်ပွဲစီ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး မေလ(၂၅)ရက် နေ့တွင် ဗိုလ်လုပွဲယှဉ်ပြိုင်ကာ ဆုချီးမြှင့်ပွဲ ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်အား/ကာမှူးထံက သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)