ထန်တလန်မြို့၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

ထန်တလန် နိုဝင်ဘာ ၈

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက် နံနက် ၆ နာရီမှစ၍ စတင်ကျင်းပရာ ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ရှိ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲ ပေးလျက်ရှိကြောင်း သိရသည်။

ထန်တလန်မြို့နယ်တွင်  မဲရုံ(၁၀၅)ရုံရှိကာ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း ၃၃၀၈၆ ဦးရှိပြီး ပြည်သူများ ဆန္ဒမဲပေးနေမှု အခြေအနေများကို သတင်းမီဒီယာများ၊ စောင့်ကြည့်လေ့လာသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်စားလှယ်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများမှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက စောင့်ကြည့် လေ့လာလျက်ရှိသည်။

မဲရုံများတွင် ဆန္ဒမဲလာရောက်ပေးသူများ စိတ်ချလုံခြုံစွာ မဲပေးနိုင်ရန်နှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ နှင့်အညီ ဆန္ဒမဲပေးနိုင်ရေး  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ၊ မဲရုံ လုံခြုံရေးများနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးလျက်ရှိကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)