ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေဝါသနာရှင်များက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် မေ ၂၀

စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့် အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ကိုရွှေအောင်သင်း ရေးသားထားသည့် “လူငယ်နှင့်မိဘမေတ္တာဘွဲ့စာစုများ” စာအုပ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် စာရေးဆရာ၊ စာရေးဆရာမများက “လူငယ်နှင့်မိဘမေတ္တာဘွဲ့စာစုများ” စာအုပ်တွင် ပါဝင်သည့် “ထိုက်တန်သည့်လက်ဆောင်၊ ဆရာမ မှတ်မိပါတယ်၊ သည်းကားရွှေမိုး ငြိုးတော့တယ်၊ သားဆိုသောသား၊ ဒုတိယအဖေ၊ အဖေ့နမူနာ၊ အမေ့ရင်ခွင်” စသည့် စာအုပ်ပါအကြောင်းအရာ အချက်အလက်များကို မိမိတို့၏ သဘောထားအမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နေထက်ပိုင်(ပြန်/ဆက်)