ပုလောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုး

ပုလော  မေ    ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ၂၀၂၄ ခုနှစ် မေလ ၂၂ ရက်‌နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် ပုလောမြို့အမှတ်(၃)ရပ်ကွက် သစ်တောဦးစီးဌာနရုံးဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်သူများက ပျဉ်းကတိုးအပင် ၅၀၊ မန်ဂျန်ရှား အပင် ၁၀၀ နှင့် မဟော်ဂနီအပင် ၅၀ စုစုပေါင်း ပျိုးပင်ပေါင်း ၂၀၀ ကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရ သည်။

အေးအေးမော်(ပုလော)