ပလောက် မေ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် စာဖတ်ဝါသနာပါသူများ စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအား စာပေများလက်ဝယ်အရောက် ငှားရမ်းဖတ်ရှုနိုင်ရန် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ စာဖတ် ပရိတ်သတ်များထံ လက်ဝယ်အရောက် ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ပလောက်မြို့ရုံးဝန်ထမ်းများက ဌာနဆိုင်ရာရုံးများအား အလှည့်ကျသွားရောက် ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။
နှင်းမြူလွင်(ပလောက်)