ခိုင်ကမ်း နိုဝင်ဘာ ၉
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကလေးမှ ချင်းပြည်နယ်၊ တီအိုချောင်းခရီးစဉ်သို့ သွားရောက်မည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ဖြစ်သူတို့အား ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးရာ ယာဉ်နောက်လိုက်ဖြစ်သူတွင် Positive ဖြစ်ပြီး ယာဉ်မောင်းတွင် Negative ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်နောက်လိုက် Positive ဖြစ်သူအား တီးတိန်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Positive ဖြစ်သူသည် ကလေးမြို့ ကြို့သုံးပင်ရပ်ကွက်၊ နယ်မြေ (၈) တွင် (၂) လကြာ ခေတ္တတည်းခိုနေထိုင်ခဲ့ကြောင်းနှင့် Negative ဖြစ်သူယာဉ်မောင်းမှာ ကလေးမြို့ တောင်ဖီလာ ရပ်ကွက် နယ်မြေ(၉)တွင် အမြဲတမ်းနေထိုင်သူဖြစ်ကြောင်း သိရသည်။
ခိုင်ကမ်းပြန်/ဆက်