ခမောက်ကြီးမြို့တွင် နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာမေးပွဲများ ဖြေဆိုပြီးစီး

ခမောက်ကြီး မေ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပညာရေးအဖွဲ့ငယ်)မှ ကြီးမှူးကျင်းပသော နွေရာသီ ဗုဒ္ဓဘာသာယဥ်ကျေးမှု စာမေးပွဲကို ခမောက်ကြီး၊ အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာန၌ မေလ (၁၈) ရက်နေ့မှ စတင်ကျင်းပရာ ယမန်နေ့မေ(၂၀)ရက်နေ့က စာမေးပွဲဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုရာ၌ ကော့သောင်းမြို့နယ် သံဃနာယကအဖွဲ့ဝင် ဆရာတော်များ၊  ခမောက်ကြီးမြို့တပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ သင်တန်းနည်းပြ ဆရာ၊ဆရာမများက ကြီးကြပ်ဆောင်ရွက်ပြီး နောက်ဆုံးနေ့ ဖြေဆိုသည့် အဘိဓမ္မာ ဘာသာရပ်အား ဖြေဆိုသူ (၁၁) ဦးရှိကြောင်းနှင့် စာမေးပွဲဖြေဆိုသည့် ရက်များတွင် အလှူရှင်များက အာဟာရဖြည့် အချိုရည်နှင့်မုန့်များ ကျွေးမွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)