နောင်မွန်မြို့နယ်၌ CERP အစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိသော ဆင်းဧကရီ-၃ မျိုးစေ့ထုတ် စိုက်ကွက်အား စံကွက် ရိတ်သိမ်း

နောင်မွန် နိုဝင်ဘာ ၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ အမှတ်(၂)မြို့မတောင်စံပြကွက် ဦးပိုင်အမှတ် ၁၄ တောင်သူ ဦးဂျီအားမင်၏ စိုက်ခင်းအတွင်း CERPအစီအစဉ်ဖြင့် စိုက်ပျိုးထားသော ဆင်းဧကရီ-၃ မျိုးစေ့ထုတ် စိုက်က်ကွက်အား ယနေ့ နံနက် ၁ဝ နာရီခန့်က စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဆင်းဧကရီ-၃ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်အား စံကွက်ရိတ်သိမ်းခဲ့ရာ အစိုထွက်တစ်ဧက အထွက်နှုန်း (၆၉.၅၈)တင်းခန့် ခန့်မှန်းထွက်ရှိမှာဖြစ်ကြောင်း၊ နောင်မွန်မြို့နယ်အနေဖြင့် နည်းပညာပေး မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်များကို ပထမဦးဆုံးအကြိမ် စိုက်ပျိုးထားရှိရာ မိုးစပါးမျိုးစေ့ အမျိုးအစားများအနေဖြင့် ဆင်းဧကရီ-၃၊ ဒေသအထွက်နှုန်းတိုး အမ်ဟင်မျိုးစပါးများအား မြို့နယ်အတွင်း ဧက(၁၆)စိုက်ပျိုးထားပါကြောင်း မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်များအတွင်း မိုးစပါး မျိုးကောင်းမျိုးသန့်များ ရရှိနိုင်ရေး၊ မျိုးစေ့ထုတ်ကွက်များအတွင်း ရောဂါပိုးမွှားများ ကျရောက်မှု မရှိစေရေး၊ ပေါင်းကင်းရှင်းရေးတို့အတွက် ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိကြောင်း၊ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက် တောင်သူများအတွက် ထောက်ပံ့ကြေးများကိုလည်း ထုတ်ပေးထားရှိပြီး ဒေသခံ တောင်သူများ အနေဖြင့် မိမိတို့၏ မိုးစပါးစိုက်ကွက်များအတွင်း နည်းပညာ အကူအညီများ ရယူလိုပါက မြို့နယ် စိုက်ပျိုးရေးဌာနသို့ လာရောက်အကူအညီများ ရယူနိုင်ပါကြောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးစကျော်သက်ထွေးက ပြောကြားခဲ့ကြောင်း သိရသည်။

မြနန်း(ပြန်/ဆက်)