ကရသူရိ မေ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ဒေသခံတောင်သူများသည် နှစ်ရှည်ဥယျာဉ်ခြံများနှင့် ရာသီပေါ်သီးနှံများစိုက်ပျိုးခြင်းဖြင့် အသက်မွေးပြုလုပ်လျက်ရှိပြီး ယခုလတွင်ခြံထွက်ဒူးရင်းသီးများ ပေါ်ဦးပေါ်ဖျားဈေးကောင်းရရှိကာ ဒူးရင်းစိုက်ပျိုးတောင်းသူများ မိသားစု အပိုဝင်ငွေရရှိနေကြောင်း သိရသည်။
ဒူးရင်းမျိုးတွင် ကိုင်းကူးမျိုး(ယိုးဒယားမျိုး)နှင့် အရိုင်းမျိုးဟူ၍ နှစ်မျိုးရှိပြီး နှစ်မျိုးလုံး စိုက်ပျိုးလျက်ရှိကြောင်း၊ ကိုင်းကူးမျိုး(ယိုးဒယားမျိုး) တစ်ပင်လျှင်(၁၄၀၀၀)ကျပ်ဖြင့် ဝယ်ယူရပြီး၊ အရိုင်းမျိုးမှာ မိမိတို့ဘာသာ မျိုးဖောက်စိုက်ပျိုးခြင်းဖြစ်ရာ ကုန်ကျစရိတ်သက်သာပြီး စိုက်ပျိုးရာသီ ဇွန်/ဇူလိုင်လတွင် စတင်စိုက်ပျိုးကြကြောင်း သိရသည်။
ကရသူရိမြို့တွင် ယခုလ အလယ်ပိုင်းမှဒူးရင်းသီးများ စတင်ပေါ်ဦးပေါ်ဖျားထွက်ရှိသဖြင့် အလုံးကြီး/အငယ်ပေါ်မူတည်၍ (၃၀၀၀)ကျပ်မှ (၁၀၀၀၀)ကျပ်အထိ ဈေးရရှိနေကြေင်းသိရသည်။
ကရသူရိပြန်/ဆက်