ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်

ကရသူရိ မေ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား/သူများ၏ ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းစာသင်ခန်းများ၌ စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းသား/ သူများ၏ ကျောင်းအပ်နှံ လက်ခံရာတွင် မေလ ၂၃ ရက်နေ့တွင်  (Grade-1)မှ (Grade-9)အထိ လက်ခံဆောင်ရွက်ခြင်းဖြစ်ပြီး မေလ(၂၄)ရက်နေ့တွင် (Grade-10)မှ (Grade-12)ကိုလည်းကောင်း၊ (၂၅)ရက်နေ့တွင် (KG)အတန်းနှင့် ကျောင်းသား/သူအသစ်များကို လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကျောင်းအပ် လက်ခံရာ၌  ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများက ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား/သူများက လာရောက်အပ်နှံလျက်ရှိရာ အပ်နှံပြီးစီးသည့် ကျောင်းသား/သူများအား ကျောင်းသုံးပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်တို့ကို အခမဲ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)