ခမောက်ကြီးမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံများစတင်ဆောင်ရွက်

ခမောက်ကြီး မေ ၂၃

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းများကို မေလ(၂၃)ရက်နေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများတွင် လက်ခံဆောင်ရွက်လျက်ရှိရာ ခမောက်ကြီးမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းများ စတင်လက်ခံလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကျောင်းအပ်လက်ခံရာတွင် အသက်(၅)နှစ်ပြည့်ပြီးသူများအား KG တန်းနှင့် အသက်(၆) နှစ်ပြည့်သူများအား Grade-1(ပထမတန်း)များလက်ခံခြင်း၊ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် အတန်းတင် စာမေးပွဲအသီးသီးအောင်မြင်ကြပြီးသော ကျောင်းသား၊ ကျောင်းသူများအား အတန်းသစ်အပ်နှံလက်ခံခြင်းနှင့် ကျောင်းသားသစ်များ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်နှံရာတွင် မိဘအုပ်ထိန်းသူများက ကျောင်းသား၊ကျောင်းသူများနှင့်အတူ လိုအပ်သည့် အချက်အလက်များ ဖြင့်စနစ် တကျလာရောက် အပ်နှံလျက်ရှိသည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ(၃)ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် စတင်ဖွင့်လှစ်သွားမည်‌ဖြစ်ကြောင်း သိရသည်။

ခမောက်ကြီး (ပြန်/ဆက်)