မက်မန်း မေ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခမ်းအနားမှူးသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုက သင်တန်းဆင်းအမှာစကားပြောကြာခြင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို(လက်ထောက်ညွှန်ကြားရေးမှူး)က သင်တန်းအတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းသူတစ်ဦးချင်းစီးအား အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခြင်းကို လက်တွေ့ယှဉ်ပြိုင်စေကာ ဆုရရှိသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူများက ဆုများချီမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသူ (၃၅)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ (၃)ရက်တာ စာတွေ့၊ လက်တွေ့ ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)