လားရှိုး မေ ၂၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမသို့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမသို့ မေလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက Easy To Learn English, International Maths & Chinese Language Centre မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
Easy To Learn English, International Maths & Chinese Language Centre မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများသည် Community Centre အတွင်းရှိ ပြတိုက်ငယ်များ၊ သမိုင်းဝင်အဆောက်အဦ မှတ်တမ်းဓါတ်ပုံများ၊ တိုင်းရင်းသားရိုးရာ တူရိယာပစ္စည်းများ၊ နံရံကပ်ပြဘုတ်များကို လေ့လာခဲ့ကြပြီးနောက် မူလတန်းအဆင့်ကလေးငယ်များကို ကလေးစာဖတ်ခန်းတွင် ပန်းချီဆေးရောင်ခြယ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့အတူ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမအကြောင်း သိကောင်းစရာများကို သင်တန်းခန်းမတွင် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)