ပုလော မေ ၂၃
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများမှ ယနေ့နံနက်၉နာရီမှစတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ်တွင် အ.ထ.က(၁၀)၊ အ.ထ.ကခွဲ(၁၀)၊ အ.လ.က(၇)၊ အ.လ.ကခွဲ(၁၃)၊ မူလွန် (၂၃)၊ အ.မ.လ(၉၃)၊ အ.မ.ကခွဲ(၄) စုစုပေါင်း (၁၆၀)ကျောင်းရှိပြီး၊ ယခုနှစ်မှာ ကျောင်းတက်ရောက်မည့် ကျောင်းသား/သူများ ယခင်နှစ်ကထက် ပိုများမည်ဖြစ်ကြောင်း ပညာရေးမိသားစုများထံမှ သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ကျောင်းအပ်နှံခြင်းကို မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်ပြီး၊ ပညာကို အေးချမ်းသာယာစွာလေ့လာသင်ယူနိုင်ရေး မိဘဆရာနှင့် ကျောင်းသား၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့်ပူးပေါင်း၍ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောင်းသားမိဘတစ်ဦးမှ ပြောကြားခဲ့သည်။
အေးအေးမော်(ပုလော)