ကျွန်းစု မေ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ယမန်နေ့နံနက်ပိုင်းက အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ် စတင်လက်ခံလျက်ရှိကြောင်း သိရ သည်။
ကျွန်းစုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၆၅)ကျောင်းရှိရာ အဆိုပါကျောင်းများရှိ ဆရာ၊ ဆရာများက မူ၊ လယ်၊ ထက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့မှ စတင်၍ ဇွန်လ(၂)ရက်နေ့အထိ ကျောင်းအပ်လက်ခံ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)