ငါ့သရောက်မြို့ စာဖတ်ရှိန်တိုးပွားလာစေရန် ဌာနဆိုင်ရာရုံးများတွင် သုတ၊ ရသ စာအုပ်များ ငှားရမ်းပေး

ငါ့သရောက်    မေ   ၂၄  

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုများ ရင့်သန်လာစေရန် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်  စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာအုပ်စာပေကိုဖတ်ရှုလိုသူများအတွက်  ရည်ရွယ်၍ ယနေ့ နေ့လယ် (၁) နာရီ အချိန်က  ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့သည်။

ထိုသို့ စာအုပ်၊စာစောင်များ ကွင်းဆင်းငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး  ဒေါ်အေးအေးမိုးနှင့်  ဝန်ထမ်းများမှ   မြို့မီးသတ်ဦးစီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ တစ်လလျှင် (၂) ကြိမ် သွားရောက်၍  သုတ၊ရသစာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်း  ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ငါ့သရောက် (ပြန်/ဆက်)