ရေဖြူမြို့နယ်မှ ထွက်ရှိသော ကွမ်းသီးများ ရာသီကုန်ချိန်တွင် ဈေးကောင်းရရှိလာ

ရေဖြူ မေ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရော်ဘာနှင့် ကွမ်းသီးကို အများဆုံး စိုက်ပျိုးကြပြီး ရေဖြူမြို့နယ်မှ ထွက်ရှိသောကွမ်းသီးများကို ရေဖြူနှင့် ထားဝယ်ရှိ ပွဲရုံရှင်များက အဓိက ဝယ်ယူကြကာ ရန်ကုန်နှင့် မန္တလေးမြို့များသို တင်ပို့ရောင်းချပြီး ရာသီကုန်ချိန်တွင် ‌ဈေးကောရရှိလာကြောင်း သိရသည်။

ကွမ်းသီးပင်များသည် မိုးများသည့် ဒေသနှင့် ကိုက်ညီသည့် နှစ်ရှည်သီးနှံပင်ဖြစ်သည့်အတွက် ကွမ်းသီးပင်သီးသန့် သို့မဟုတ် ဥယျာဉ်ခြံမြေများ၏ကြားတွင် ကြားညှပ်သီးနှံအဖြစ် စိုက်ပျိုး၍ရပြီး မြေဧရိယာ တစ်ဧကတွင် အပင် ၆၀၀ အထိ စိုက်ပျိုးနိုင်သည်။ မြေဧကနည်းနည်းဖြင့် စိုက်ပျိုးရိတ်အကုန်အကျသက်သာသော နှစ်ရှည်ပင်မျိုးဖြစ်သည်။

ကွမ်းသီးပင်စိုက်ပျိုးခြင်းဖြင့် နှစ်စဉ်ပုံမှန်ဝင်ငွေရရှိပြီး ‌ ယခုနှစ်ရာသီအစတွင် ကွမ်းသီးအခြောက် တစ်ပိဿာကို ဒေသပေါက် ဈေးကျပ် ၂၀၀၀ မှ ၃၀၀၀ ကျော်အထိသာ ရရှိသော်လည်း ယခုလ ရာသီကုန်ချိန်တွင် တစ်ပိဿာကို ကျပ်၅၀၀၀ နှင့် ၆၀၀၀ ကြား‌ဈေးကောင်းရရှိလာကြောင်း တောင်သူများထံက သိရသည်။

ခတ္တာ