သရက်ချောင်းမြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံရေးစတင်လက်ခံ

သရက်ချောင်း မေ ၂၄

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးသူငယ်များအားလုံး ပညာသင်ယူနိုင်ရေးအတွက် သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄ ခုနှစ်၊ မေလ ( ၂၃ ) ရက်နေ့မှ စတင်၍ သက်ဆိုင်ရာကျောင်းများတွင် ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် နိုင်ငံတော်မှ ချမှတ်ထားသော  ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူနိုင်ဖို့ ကျောင်းအပ်နှံကြပါစို့ ဟူသည့် ဆောင်ပုဒ်နှင့်အညီ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၀၂၄ ခုနှစ် ၊ မေ လ ၂၃ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ ဒေသအသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံပေးခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းအပ်လက်ခံပေးနေပြီ ဖြစ်ပါကြောင်း မြို့နယ်ပညာရေးမှူးထံက သိရသည်။

သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား/သူ များအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံနှင့်ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(မြို့နယ်ပြန်/ဆက်)